Thursday, November 3, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း
 
Thursday, November 3, 2016
------
ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ၁၄း၁၀ နာရီတွင် ကျိုတိုတက္ကသိုလ် Yamauchi Hall တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
...
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယင်းတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေ သည့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ကျောင်းသူ/ကျောင်းသား (၈) ဦးနှင့် ဒီမိုကရေစီ ၊ လွတ်လပ်ခွင့် နှင့်လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးမေးမြန်းမှု အခမ်းအနားအား ဆက်လက်ပြု လုပ်ခဲ့ကြောင်း၊ ကျောင်းသား/ ကျောင်းသူ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြိုမှ ကျိုတိုမြို့သို့ ဒေသစံတော်ချိန် ၁၃း၁၇ နာရီတွင် Shinkansen ရထားဖြင့်ရောက်ရှိခဲ့ကြောင်းနှင့် ကျိုတိုမြို့တွင် ရောက်ရှိနေစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တည်ခင်းသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက် မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
သတင်း+ဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့
The Ladies News

No comments: