Saturday, November 26, 2016

ပြည်တွင်းစစ် ရပ်တန့်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု

ပြည်တွင်းစစ် ရပ်တန့်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု
26 November 2016
===========================
ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေး အတွက်
အကြမ်းမဖက် လူထု လှုပ်ရှားမှုတရပ် ပြုလုပ်
မှာဖြစ်ပါတယ်။ 1.၄င်းလှုပ်ရှားမှု တွင် ပြည်တွင်းစစ်
ပွဲများ ရပ်တန့်လိုကြောင်း ဆန္ဒပြုသည့်
အမှတ်သင်္ကေတ အဖြစ် အဖြူရောင် အစ
သို့ အလံဖြူအဖြစ်သတ်မှတ်ပြီး မိမိတို့
အိမ်ရှေ့ ဈေးဆိုင်များ ကားများ ဆိုင်ကယ်များ
တွင် ချိတ်ဆွဲလွှင့်ထူ ကြပြီး တဦးချင်း ရုံးဝန်ထမ်း
များ အနေဖြင့် လက်ကိုင်ပဝါ အဖြူအား
ဆွဲခြင်းများ ထမင်းချိုင့်များတွင် ချည်နှောင်၍
ပြည်တွင်းစစ် ကို ရပ်တန့်စေလိုကြောင်း
ဆန္ဒပြုနိုင်ပါသည်။
2. မိမိတို့ ပြည်တွင်းစစ်ကို ရပ်တန့်စေရန်
ဆန္ဒပြု သည့် အလံဖြူ သို့ အဖြူရောင်အစ
အား ချိတ်ဆွဲ လွှင့်ထူကြပုံများကို မိမိတို့၏
facebook စာမျက်နှာ . gmail . viber
နှင့် အခြားလူမှုကွန်ရက် များတွင် လွှင့်တင်ပြီး
မိမိ မိတ်ဆွေသူငယ်ချင်း များအားလဲ
ပူးပေါင်းပါဝင်စေနိုင်ရန် အသိပေးမှုလုပ်ဆောင်
ကြရပါမည်။
3. ပြည်တွင်းစစ်တွေ ရပ်ကြ အလံဖြူထောင်ကြ
ဟု အမည်နာမ တပ်ထားသော အကြမ်းမဖက်
လူထု လှုပ်ရှားမှုအတွက် အသေးစိတ်အစီအစဉ်
များကို 29.11.2016 နေ့ နေ့လည် 11: 00 နာရီ
တွင် မြန်မာဂျာနယ်လစ် ရုံးခန်း MJN 36လမ်း
အပေါ်ဘလောက်(ရန်ကုန်) တွင်
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပြီး
ပူးပေါင်းပါဝင် ကြမည့် ရန်ကုန်တိုင်းအတွင်းရှိ
မြို့နယ် အသီးသီးမှ ကိုယ်စားပြု ငြိမ်းချမ်းရေး
လှုပ်ရှားသူများနှင့် အခြားတိုင်း နဲ့ပြည်နယ်များမှ
ပူးပေါင်းပါဝင်သူများသည် comment ရေး၍
ဖုန်းနံပါတ်ထားပေးကြပါရန်ဖြင့် chat box သို့
လဲ ဆက်သွယ် နိုင်ပါကြောင်းအသိပေးပြီး
တိုင်းရင်းသားပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပြီး
ပြည်တွင်းစစ်ကို လူထုအားဖြင့် တားဆီးကြပါရန်
အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။
#မြတ်ကျော်
လုပ်ငန်းကော်မတီ တာဝန်ခံ
ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်...

No comments: