Wednesday, November 2, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲခဲ့ပြီး အမှတ်ရစရာများစွာဖြင့် အဖိုးမဖြတ်နိုင်သော သမိုင်းတွင်မည့် ရှားပါး ပန်းချီကားတစ်ချပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲခဲ့ပြီး အမှတ်ရစရာများစွာဖြင့် အဖိုးမဖြတ်နိုင်သော  သမိုင်းတွင်မည့် ရှားပါး ပန်းချီကားတစ်ချပ်
/////////////////////////////////////////////
၂၀၀၉ ခုနှစ် မှာ ကိုယ့်အိမ်ခြံထဲ ပိုင်နက်ကျူးလာတဲ့သူကြောင့် အိမ်ရှင်ကို ထောင်ချခဲ့တဲ့ အာဏာရှင် စစ်အစိုးရ ရဲ့ ကမ္ဘာကျော် ရယ်စရာ ဟာသဖြစ်ရပ် အပြီးမှာ.......
...
ထောင်က ပြန်ထွက်လာပြီး နေအိမ်ပြန်အရောက် ရေစပ်မှာပါ ရဲကင်းချ သံဇကာတွေခတ်ပြီး လေးဘက်လေးတန် အကျယ်ချုပ်ထားခံရတဲ့ မြင်ကွင်းကိုကြည့်ပြီး ရေးဆွဲဖြစ်ခဲ့တဲ့ ပန်းချီကားတစ်ချပ်.......
ပန်းချီကားလေး ကို ပြန်ခံစားကြည့်မိရင်း တွေးမိတာတွေက အဲ့ဒီကာလတွေမှာ အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စိတ်ထဲ ချုပ်နှောင်ခံထားရတဲ့ သံဇကာတွေရဲ့ အပြင်ဘက်မှာ လွတ်လပ်စွာ ကူးခတ်သွားလာချင်နေတဲ့ ငါးကလေး ဖြစ်ချင်နေခဲ့တာများလား......??
ဒါမှမဟုတ် ဒီငါးကလေး ဟာ စစ်အာဏာရှင်တွေရဲ့ ချုပ်နှောင်ထားမှုတွေကနေ လွတ်မြောက်ချင်နေတဲ့ ကိုယ့်ပြည်သူတွေကို ကိုယ်စားပြုနေတာများ ဖြစ်နေမလားဆိုတာ.......
( အခုလာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ မှာ လေလံတင်ပြီး ရသမျှအကုန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းမှာဖြစ်တဲ့ ဒီပန်းချီကား ကို ဒီနေ့မနက်မှာ လက်ခံရရှိခဲ့ပါတယ်.......
* ဒီသတင်းကို ဖြစ်နိုင်ရင် နိုင်ငံတကာ က လေလံ စိတ်ဝင်စားတဲ့ သူဋ္ဌေးကြီးတွေ အထိ ဖြန့်ဝေ ပျံ့နှံ့သွားစေချင်ပါတယ်..... ( ထိရောက်သော English Version ပြုပေးကြစေလိုပါတယ် )
* ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀၀ ပါ.......
* ရသမျှ တပြားမကျန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သို့ လှူဒါန်းသွားမှာပါ.......
* လေလံပွဲကို ၂၅ ရက်နေ့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး လေလံအောင်သွားတဲ့သူကို ဘဘဦးတင်ဦး မှ ပန်းချီကား လက်ရောက် ပေးအပ်သွားမှာဖြစ်ပါတယ်......
* လေလံကြေး အမြင့်ဆုံးရဖို့ မိတ်ဆွေတို့ရဲ့ ထောင့်ပေါင်းစုံမှ အကူအညီများဖြင့် ပံ့ပိုးပေးကြဖို့ လေးစားစွာ မေတ္တာရပ်ပါရစေ......
( လောလောဆယ် ကိုMg Mg Ayeရဲ့ မူရင်းပို့စ်အောက်ကနေလည်း အမှန်တကယ် လေလံပေး လှူဒါန်းချင်သူများ စတင် လေလံဆွဲလို့ ရပါပြီ..... Final Auction ကိုပါ ဝင်ရောက်လိုပါက Sedona Dinner ပွဲမှာ တက်ရောက်နိုင်ကြပါကြောင်း....... )
credit ကိုမောင်မောင်အေး
1-11-2016
 
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားတဲ့ ပန်းချီကား
လက်ရှိ Online လေလံမှာတင်
ဒေါ်လာတစ်သိန်းတိတိ ရရှိထားပါပြီ။

...
Wowww
Wowwwww
:O :O

Souce ပန် ဆယ် လို
 

 

No comments: