Friday, November 18, 2016

ရပ်ကျေးဥပဒေပြင်ပြီးရင် စာပေဟောပြောပွဲ အတွက် ထောက်ခံစာမလိုတော့

ရပ်ကျေးဥပဒေပြင်ပြီးရင် စာပေဟောပြောပွဲ အတွက် ထောက်ခံစာမလိုတော့

18 November 2016
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားစဉ်
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင် စာပေဟောပြောပွဲ၊ တရားပွဲနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ထောက်ခံချက်ယူစရာ မလိုအပ်တော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

တွံတေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယနေ့အချိန်အထိ စာပေဟောပြောပွဲတွေနဲ့ တရားပွဲတွေပြုလုပ်ဖို့ အာဏာပိုင်အဆင့်ဆင့်ဆီက ထောက်ခံချက်ရမှ ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် အခက် အခဲရှိတာကြောင့် ဖြေလျော့ပေးဖို့ ရှိ၊ မရှိ မေးခွန်းကို ဗိုလ်ချုပ်အောင်စိုး က အခုလို ပြန်လည်ဖြေကြားသွားတာပါ။

လက်ရှိ ၂၀၁၂ ခုနှစ် ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေတို့မှာ စာပေဟောပြော များ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကစပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမယ်လို့ ပြဌာန်းပါရှိတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး မကြာခင် အတည်ပြု ပြဌာန်းတော့မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments: