Saturday, November 26, 2016

ပြည်တွင်းစစ် ဖြစ်ပွားမှု ရပ်တန့်စေရန် မန္တလေးမြို့တွင် ဂရပ်ဖစ်တီ ရေးဆွဲ

ပြည်တွင်းစစ် ဖြစ်ပွားမှု ရပ်တန့်စေရန် မန္တလေးမြို့တွင် ဂရပ်ဖစ်တီ ရေးဆွဲ
Saturday, November 26, 2016
 
ရှမ်းပြည် နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များ အခက်အခဲကြုံတွေ့ နေမှုနှင့် နေအိမ်အဆောက်အအုံ များ ပျက်စီးဆုံးရှုံး၍ အခက်အခဲများရင်ဆိုင်နေကြရရာ ပြည်တွင်း စစ် ဖြစ်ပွားမှုရပ်တန့်စေရန်အတွက် နိုဝင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၃၅ လမ်းနှင့် ၆၉ လမ်းထောင့်ရှိ န၀ရတ်ရိပ်သာဝင်လမ်းကြားတွင် မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင် ...MC Prince နှင့် သရီးဒီပညာရှင် ရဲရင့်နိုင်တို့က ဂရပ်ဖစ်တီရေးဆွဲခဲ့ ကြောင်း သိရသည်။
"စစ်ပွဲတစ်ခုဖြစ်ရင် နှစ်ဖက် ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေဖြစ်တယ်။ ဘာမှအကျိုးမရှိဘူး။ နှစ်ဖက် ပစ်ခတ်နေတော့ ဒေသခံတွေလို စစ် ဘေးဒုက္ခမခံစားရသေးပေမယ့် သူတို့နည်းတူခံစားရလို့ တိုက်ခိုက်နေတဲ့ လူတွေ၊ စစ်ပွဲဆိုးကျိုးတွေ၊ ၀မ်းနည်း စရာကိစ္စတွေကို မြင်သာစေချင်လို့ အခုလိုခံစားချက်နဲ့ ပုံဖော်ရေးဆွဲဖြစ်တာပါ"ဟု မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင် MC Prince (ခ)ကိုသန့် ဇင်ဝင်းက ပြောကြားသည်။
ရှမ်းပြည် နယ်(မြောက်ပိုင်း)တွင် နိုဝင်ဘာလလယ်ပိုင်းမှစတင်၍ ယနေ့အထိ အပြန်အလှန်ပစ်ခတ်မှုများရှိနေရာ စစ်ဘေးဒုက္ခရငဆိုင်ကြုံ တွေ့နေရသ လို ပြည်တွင်းစီးပွားရေး ထိခိုက်နစ်နာမှုများကြောင့် ပြည်သူလူထု အနေဖြင့် အဘက်ဘက်မှာဖိ နှိပ်ခံနေရသည်။ပြည်တွင်း စစ်ဖြစ်ပွားနေမှု သာမက မြန်မာနိုင်ငံအနှံ့အပြားတွင် သက်ငယ်မုဒိမ်းမှုများ နေ့စဉ်ရက် ဆက်ဖြစ်ပွားနေပြီး လူသတ်မှုများပါ ကျူးလွန်လာခဲ့ကြောင်း၊ အဆိုပါကိစ္စများ ထိထိရောက်ရောက်ဖြေရှင်းပေးရန် နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီက ဂရပ်ဖစ်တီပညာရှင် MC Prince က ဂရပ်ဖစ်တီရေးဆွဲ၍ တိုက်တွန်းခဲ့ကြောင်း သိရသည်။

No comments: