Wednesday, November 9, 2016

၄၅ ဦးမြောက် သမ္မတဖြစ် ဒေါ်နယ်ထရန့် ရွေးချယ်ခံရ

၄၅ ဦးမြောက် သမ္မတဖြစ် ဒေါ်နယ်ထရန့် ရွေးချယ်ခံရ
Wednesday, November 9, 2016
အမေရိကန်သမိုင်းတွင်ခက်ခဲအကြမ်းတမ်းဆုံး မဲဆွယ်ပြိုင်ပွဲကို ကျော်ဖြတ်ခဲ့ပြီးနောက် ရီပါဘလစ်ကန် ပါတီကိုယ်စားပြုသမ္မတလောင်းဒေါ်နယ်ထရန့်သည့် ယနေ့တွင် ဒီမိုကရတ်တီပါတီကိုယ်စားပြုသမ္မတလောင်း ဟီလာရီကလင်တန်ကို အနိုင်ယူကာ အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက်သမ္မတအဖြစ် တာဝန်ယူတော့မည်ဖြစ်သည်။ ထရန့်သည့် ရွေးကောက်ပွဲတွင် အဓိကကျသည့် ပြည်နယ်များဖြစ်သည့် ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနားနှင့် အိုဟိုင်းယိုးပြည်နယ်တို့တွင် အနိုင်ရရှိပြ...
ီး မဖြစ်မနေရရှိရန် လိုအပ်သည့် မဲအရေအတွက် ၂၇၀ ကိုကျော်လွန်သွားပြီဖြစ်သည်။ နယူးယောက်မြို့တွင် ကျင်းပသော အောင်ပွဲခံမိန့်ခွန်းတွင် ထရန့်က "လူတွေဟာတသားတည်းအနေနဲ့ အတူတကွလျှောက်လှမ်းဖို့ အချိန်ကျပါပြီ" ဟုပြောဆိုခဲ့သည်။ ရွေးကောက်ခံသမ္မတထရန့်က ဟီလာရီကလင်တန်ကို "ဟီလာရီဟာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးတော့ အချိန်တစ်ခုမှ အလွန်ပင်ပန်းခဲ့ပါတယ်၊ သူတိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ အကြွေးတင်နေပါတယ်"ဟုပြောကြားခဲ့သည်။
Ref:CNA
 

No comments: