Friday, November 4, 2016

ဘင်္ဂါလီအကြမ်းဖက်ကွန်ရက် ပေါ်ထွက်လာသမျှသတင်းများ

ဘင်္ဂါလီအကြမ်းဖက်ကွန်ရက် ပေါ်ထွက်လာသမျှသတင်းများ

Friday, November 4, 2016
 
ပြီးခဲ့တဲ့နှစ်က သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿနာ Non-traditional Security Issues တွေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံကြီး တစ်နိုင်ငံက ပညာရှင်တချို့နဲ့ အလွတ်သဘော ဆွေး နွေး ဖြစ်ခဲ့ပါတယ်။
အဲဒီပညာရှင် တွေထဲကတစ်ဦးက ရခိုင်ပြည်နယ် မြောက်စွန်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ ပါကစ္စတန် တာလီဘန်တွေနဲ့ အယ်လ်ကိုင်ဒါ အဖွဲ့တို့ က မြန်မာနိုင်ငံအပေါ် ဂျီဟတ်ကြေညာမှုနဲ့ ပတ်သက်လို့ သူ့အနေနဲ့ စိုးရိမ်မှု မရှိဘူးလို့ ပြော တယ်။
သူ့ရဲ့အကြောင်းပြချက်ကတော့ ရခိုင်ပြည်နယ် မြောက်စွန်းက ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) တွေဟာ အမေရိကနဲ့ အနောက်နိုင်ငံတွေကို လိုလား အားကိုးမှုတွေဖြစ်တယ်။ အဲဒီလူ့အဖွဲ့အစည်းမှာ သြဇာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း ပါကစ္စတန်လို နိုင်ငံမျိုးတွေမှာ လေ့ကျင့်သင်ကြားခဲ့တာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှာသာ အများစုက လေ့ ကျင့် သင်ကြားခဲ့တာမို့ စစ်သွေးကြွ''ဝါဟာဘီ''တွေမဟုတ်ဘူးလို့ ဆိုပါတယ်။
ကျွန်တော်က တော့ ဒီအဆိုကို သဘော မတူခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂါလီပြဿနာနဲ့ ပတ်သက်လို့ ၁၉၉ဝ ပြည့်လွန်နှစ် တွေကတည်းက တာဝန်အရ သုတေသနပြု လေ့လာခဲ့ရပြီး ကမ္ဘာ့ အကြမ်းဖက် လှုပ်ရှားမှုတွေကိုလည်း တောက်လျှောက် စဉ်ဆက် မပြတ် စောင့်ကြည့်နေခဲ့တဲ့ အတွက် အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် သိနေလို့ဖြစ်ပါတယ်။ တကယ်တော့ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့အစည်းတွေ ဖြစ်တဲ့RSO၊ ARIF၊ ARNO စတဲ့ R အဖွဲ့အစည်း အမျိုးမျိုးဟာ အယ်လ်ကိုင်ဒါအဖွဲ့ တရားဝင် မပေါ်ပေါက်ခဲ့သေးတဲ့ အာဖဂန် အာရပ်မူဂျာဟစ် ဘဝနဲ့ အိုစမာ ဘင်လာဒင်တို့ အာဖဂန်နစ္စတန်မှာ ဆိုဗီယက်ရုရှားကို ဆန့်ကျင် တိုက်ခိုက်နေခဲ့တဲ့ ၁၉၈ဝ ပြည့်လွန်နှစ်တွေကတည်းက အဆက်အသွယ် ရှိခဲ့ကြတာပါ။ ၂ဝဝ၁ ခုနှစ် ၉/၁၁ အကြမ်းဖက် အရေးအခင်း ဖြစ်ခဲ့ပြီး အာဖဂန်နစ္စတန်ကို အမေရိကန်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် တော့လည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ စစ်သွေးကြွတွေက တာလီဘန်၊ အယ်လ်ကိုင်ဒါတို့နဲ့ ပေါင်းပြီး အမေရိကန်တပ်တွေကို ပြန်တိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အာဖဂန်နစ္စတန် စစ်ပွဲမှာ ဘင်္ဂါလီတွေကို ဖမ်းမိတဲ့ အခါကျမှ အမေရိကန်က ဘင်္ဂလားဒေ့ရှ် အစိုးရကို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဘင်္ဂါလီ ကုလားဆိုး စခန်းတွေ ပိတ်ခိုင်းတာဖြစ်ပါတယ်။ အဲဒီ နောက်မှာ RSO တွေ ဘုံပျောက်ပြီး ထိုင်း-မြန်မာ နယ်စပ်ကို ပြေးခိုဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တဲ့အတွက် ခေတ္တခဏ တပ်ဖျောက်ပြီး နိုင်ငံရေးဘက်ကို လှည့်သွားတာဖြစ်တယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရောက်နေတဲ့ တရားမဝင် ဘင်္ဂါလီဒုက္ခသည် စခန်းတွေကို ထိုးဖောက် ဝင်ရောက်စည်းရုံးပြီး အစွန်းရောက် ဘာသာရေး သင်တန်းတွေနဲ့ စစ်သင်တန်းတွေ နယ်စပ်ဒေသမှာ တိုးတိုးတိတ်တိတ် လုပ်ဆောင်နေတာ သိထားခဲ့တဲ့အတွက် ကျွန်တော်က ဒီအဆိုကို ငြင်းခုံခဲ့ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့တွေနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံမြောက်ဘက်
နယ်စပ်နဲ့ အရှေ့ဘက်နယ်စပ်က ဖောက်ခွဲပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေ ခိုးသွင်းဖို့ ကြိုးစား ခဲ့တာတွေလည်း ကြားသိနေခဲ့ရတော့ တစ်ချိန်ချိန်မှာ ဒီကိစ္စဟာ နိုင်ငံတကာ အကြမ်းဖက် ကွန်ရက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာနိုင်တယ်။
ဒီလိုဖြစ်ပေါ်ခဲ့ရင်လည်း သမိုင်းကြောင်းအရအစိုးရကို ဆန့်ကျင်ပုန်ကန်တဲ့ အစဉ်အလာရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဖျားမှာပဲ ဖြစ်ဖို့များလိမ့်မယ်လို့ ကျွန်တော်က သုံးသပ်ပြခဲ့ပါတယ်။ ပြော ချင်တာကတော့ နိုင်ငံတကာ ပညာရှင်ဆိုသူတွေ အနေနဲ့ အပြင်ကနေရသမျှ သူတို့ဆီရောက် လာသမျှ သတင်းတွေနဲ့ ကောက်ယူသုံးသပ်အကဲဖြတ်ရတာဖြစ်လို့ တကယ့်မြေပြင်အမှန် တရားတွေနဲ့ နီးစပ်ဖို့ခဲ ယဉ်းတာကို ဖော်ပြလိုရင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသ၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်နဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ရုတ်တရက် မိုးပေါ်က ကျသလိုပေါ်လာတဲ့ Acqa Mul Mujahideen (AMM) ဆိုတဲ့ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့ရဲ့လုပ်ပုံလုပ်နည်းတွေက တကယ့်ကို ကျွမ်းကျင်တဲ့ အကြမ်းဖက် တိုက်ခိုက် မှု ပုံစံဖြစ်ပြီး ၂ဝဝ၄ ခုနှစ် ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ တစ်ပုံစံတည်း ဖြစ်နေတဲ့အတွက် ဒီအဖွဲ့ရဲ့နောက်ကွယ်က နိုင်ငံတကာ အကြမ်းဖက် ကွန်ရက် အဆက်အသွယ်တွေကို အချိန်ပေး ရှာဖွေလေ့လာကြည့်မိပါတယ်။ အဲလို လေ့လာကြည့်တဲ့ အခါမှာ Open Source လို့ခေါ်တဲ့ ပြင်ပ အရင်းအမြစ်တွေဖြစ်တဲ့ မီဒီယာအမျိုးမျိုးကနေ ပေါ်ထွက်လာတဲ့ စိတ်ဝင်စားဖွယ် သတင်းတချို့ကို တွေ့ရပါတယ်။ ပြင်ပ မီဒီယာဆိုသော် လည်း ဒီကိစ္စအပေါ် အကျွမ်းတဝင်ရှိပြီး အစဉ်တစိုက် လေ့လာဖော်ထုတ်နေတဲ့ နိုင်ငံတကာ က ထောက်လှမ်းရေး သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသတင်းတွေ ဘယ်လောက်ထိ အားထားယုံကြည်နိုင်မယ် ဆိုတာကိုတော့ အာမခံနိုင်ခြင်းမရှိပါ။ သို့သော်လည်း ဒီသတင်းတွေအပေါ် မူတည်ပြီး တာဝန်ရှိ အဖွဲ့အစည်း တွေအနေနဲ့ ဆက်လက်လေ့လာ ဖော်ထုတ် အတည်ပြုနိုင်မယ် ဆိုရင်တော့ အကျိုးရှိနိုင်မယ် လို့ ယုံကြည်ပါတယ်။ ဒီသတင်း အရင်းအမြစ်တွေရဲ့ အဆိုအရ AMM အဖွဲ့ဟာ ပါကစ္စတန် တာလီဘန်အဖွဲ့နဲ့ နီးကပ်စွာ အဆက်အသွယ်ရှိတ Hrkat-ul-Jihad-Islami-Arakan (HUJI-A) ဆိုတဲ့ အဖွဲ့ကနေ စတင် ပေါက်ဖွားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ထပ်ပြီး ရှင်းလင်း ရမယ်ဆိုရင် ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ HUJI ဆိုတဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့ဟာ ၁၉၉ဝ ပြည့်နှစ်တွေကတည်းကစပြီး တည်ရှိခဲ့တာဖြစ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အကြမ်း ဖက် လုပ်ရပ်တွေ အကြိမ်ကြိမ် လုပ်ဆောင် နေခဲ့တာဖြစ်ပါတယ်။ HUJI-A ဆိုတာကတော့ HUJI အဖွဲ့ရဲ့ Arakan အာရကန်(ရခိုင်)အဖွဲ့ခွဲ ဖြစ်ဟန်တူပါတယ်။
HUJI-A ရဲ့ ခေါင်း ဆောင်ကတော့ အဗ္ဗဒူကာဒူးစ်ဘာရမီ ဆိုသူဖြစ်ပြီး ပါကစ္စတန် နိုင်ငံသား ခံယူထားတဲ့ ဘင်္ဂါလီနွယ်ဖွားတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။
အဗ္ဗဒူဟာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာက ဟာဖစ်ဇ်တိုဟာ ၄၅ နှစ်ကို စည်း ရုံး သိမ်းသွင်းခဲ့ပြီးတော့ ပါကစ္စတန်ကို ခေါ်ယူသင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ တိုဟာက အခု ပေါ်ထွက်လာတဲ့ AMM အဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီး HUJI-A ခေါင်းဆောင် အဗ္ဗဒူ ကာဒူးစ်ဟာ ပါကစ္စတန်အခြေစိုက် နာမည်ကြီးအကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်ရှ်ကာ အီတိုင်ဘာ Lashkar-e-Tayyaba (LeT) အဖွဲ့နဲ့ နီးကပ်စွာ အဆက်အသွယ် ရှိတယ်လို့ ဆိုပါတယ်။ LeT ဟာ ၂ဝဝ၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကမ္ဘာကို တုန်လှုပ်သွား စေတဲ့ ဟိုတယ်နဲ့ ဘူတာရုံ အကြမ်းဖက် စီးနင်း သတ်ဖြတ်မှုတွေကို ပြုလုပ်ခဲ့တဲ့ အဖွဲ့ဖြစ်ပါ တယ်။ LeT အဖွဲ့ဟာ အများရှေ့မှာ ရုပ်ပြအဖြစ် ဂျာမာတု ဒါဝါ Jamaatud Dawa(JuD ဆိုတဲ့ ပရဟိတအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ JuD ဟာ ပါကစ္စတန်မှာ ထင်ရှားတဲ့ ပရဟိတ အဖွဲ့ဖြစ် ပြီး ၂ဝဝ၅ ခုနှစ် ပါကစ္စတန်ငလျင်မှာ အစိုးရထက်တောင်မှ စောပြီး အကူအညီတွေ ပေးနိုင်ခဲ့ တယ်လို့ဆိုပါတယ်။ LeT အဖွဲ့နဲ့ JuD အဖွဲ့တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဟာဖစ်ဇ် မိုဟာမက်ဆာ အိဒ် ကတော့ ဒီနှစ်ဖွဲ့ဟာ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
JuD ပရဟိတ အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ခုနှစ်အရေးအခင်းဖြစ်ပြီး နောက်ပိုင်း ဖာလာ-အီ-အင်ဆာနီယတ်ဆိုတဲ့ အမည်နဲ့ ဘင်္ဂါလီကယ်ဆယ်ရေး စခန်းတွေမှာ လူသားချင်းစာနာမှု ဆိုင်ရာထောက်ပံ့မှု တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဗ္ဗဒူကာဒူးစ်ဘာရမီ(ဘရမီဆိုတာ ဗမာပြည်ကလာသူလို့ အဓိ ပ္ပာယ်ရမယ်ထင်ပါတယ်)ဟာ HUJI-A ကွန်ရက်ကို မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တောတောင် ထူထပ်တဲ့နေရာမှာ စတင် ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။
HUJI-A ဟာ အလားအလာရှိတဲ့ သင်တန်းသား အနည်းငယ်ကို ပါကစ္စတန်မှာ လေ့ကျင့်ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်မှာ နောက်ထပ် စုဆောင်းရရှိတဲ့ လူသစ်တွေကို လက်နက်ကိုင် တိုက်ခိုက်နည်းနဲ့ ဗုံးထောင်ဖောက်ခွဲနည်းတွေ သင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။ ဘင်္ဂလား ဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ၂ဝ၁၃-၂ဝ၁၄ ကာလမှာ အာဏာရ အဝါဖီလိဂ်ပါတီကို ဆန့်ကျင် လှုပ်ရှားဆူပူနေတဲ့ ဘာသာရေးအခြေခံ အတိုက်အခံ အုပ်စုတွေကို ဖြိုခွဲနေရလို့ အလုပ်များနေတဲ့ အတွက် ဒီကိစ္စတွေကို အာရုံမစိုက်နိုင်ခဲ့သလို သတင်းရလို့သွားပြီး ဝိုင်းပတ် ပိတ်ဆို့ရှာဖွေတဲ့ အခါကျတော့လည်း သူတို့ထက် သတင်းပိုရတဲ့ HUJI-A အဖွဲ့တွေက ကြိုပြီး ရှောင်သွားကြတယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် အရင်းအမြစ်တွေ အဆိုရတော့ ၂ဝ၁၂ခုနှစ် ဇူလိုင်လမှာ LeT/JuD အဖွဲ့ဟာ ဘင်္ဂါလီကိစ္စကို အထူးပြုတဲ့ " Difa-e-Muslaman-e-Arakar" ဆိုတဲ့ ကွန်ဖရင့်တစ်ရပ် ကျင်းပ ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ နောက်မှာတော့ JuD အဖွဲ့ အကြီးတန်း ခေါင်းဆောင်တွေဖြစ်တဲ့ နာဒင်းအာဝမ်နဲ့ ရှာဟစ်မာမွတ်တို့ဟာ ၂ဝ၁၂ ခုနှစ် သြဂုတ်လမှာ ဘင်္ဂလားဒေ့ရှ်ကို ရောက် လာကြပြီး နယ်စပ်ဒေသ စခန်းတွေက ဘင်္ဂါလီအုပ်စုတွေနဲ့ တိုက်ရိုက် ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ အရင်းအမြစ်တွေ အဆိုအရတော့ ပါကစ္စတန်နဲ့ ဆက်နွှယ်မှုရှိတဲ့ ဘင်္ဂါလီ အကြမ်းဖက် အုပ်စုဝင်တချို့ဟာ မြန်မာ-ထိုင်း နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ လှုပ်ရှား လာတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဘင်္ဂါလီနွယ်ဖွား ပါကစ္စတန် နိုင်ငံသားများ ဖြစ်ကြ တဲ့ မော်လာနာအူစတက် ဝါဇီး(ခေါ်) နူးကဘီးရ်နဲ့ ဖာရီးဒ် ဖိုင်ဇူလာတို့ဟာ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ မြန်မာနိုင်ငံက တစ်ဆင့် ထိုင်း၊ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားရင်း အခက်ကြုံနေရ တဲ့ ဘင်္ဂါလီတွေကို လူသစ်တွေအဖြစ် စည်းရုံး သိမ်းသွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂါလီ ဂျီဟတ် ဒီတိုက်ခိုက်ရေးသမားတွေကို အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ဒေသမှာလည်း ပါကစ္စတန် ဘက်က အကြမ်းဖက်အုပ်စုတွေနဲ့အတူ ပါဝင် တိုက်ခိုက်တာ တွေ့ရတယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ချိုတား ဘာရမီဟာ ၂ဝ၁၅ခုနှစ် အောက်တိုဘာလမှာ အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသမှာပဲ စစ်သွေးကြွ (Jaish-e Mohammad, JeM) အဖွဲ့ခေါင်းဆောင် အဒီလ်ပထန်နဲ့အတူ တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ် လို့ ဆိုပါတယ်။ ချိုတားကို ဗိုလ်ချုပ်ကြီး ဟာဖစ်ဆာယိဒ် La Tsupremo Hafiz လို့လည်း ခေါ်ကြတယ်လို့ဆိုပါတယ်။
JeM အဖွဲ့ဟာ အစောပိုင်းကတည်းက ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့ တွေနဲ့ အဆက်အသွယ် ရှိခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံသား ဘင်္ဂါလီနွယ်ဖွား တစ်ဦးဖြစ် တဲ့ မော်လာနာရှာဘီးယားအာမက် ဆိုသူဟာ JeM ကိုယ်စား ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ရှိတဲ့ ဘင်္ဂါလီအကြမ်း ဖက်အုပ်စုတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ၂ဝ၁၂ ခုနှစ်မှာ ဖမ်းဆီး ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ရှာဘီးယား အာမက်ဟာ ပါကစ္စတန်က နေ ဘင်္ဂလားဒေ့ရှ်ကို တရားမဝင် ငွေလွှဲပြောင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကာဒူးစ်ဘာရမီအပြင် ဘင်္ဂါလီကွန်ရက်နဲ့ ဆက်သွယ်မှုရှိတဲ့ နောက်တစ်ဖွဲ့ကတော့ ပါကစ္စတန် နိုင်ငံသား ဘင်္ဂါလီနွယ်ဖွား မော်လာနာ အဗ္ဗဒူဟာမစ် ဆိုသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ် စပ်မှာ တက်ကြွ လှုပ်ရှားခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ အဗ္ဗဒူဟာမစ်ဟာလည်း LeTနဲ့ နီးကပ် စွာ အဆက်အသွယ် ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်ရောက် RSO အဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင်ဖြစ်တဲ့ နူးရ်ဟူစိန်အာရကန်နီဟာ JuD ခေါင်းဆောင် ဆာအိဒ်နဲ့ JuD လက်ခွဲတစ်ခုဖြစ်တဲ့ Falah-e-Insaaniyat (FIF) ဖောင်ဒေး ရှင်းထံက ထောက်ပံ့ငွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ရယူခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ RSO ဟာ ဘင်္ဂါလီ အကြမ်းဖက် လှုပ်ရှားမှုတွေရဲ့ အဓိက ပင်စည်ကြီးသဖွယ် ဖြစ်ပြီး အဲဒီကနေပြီးမှ အကိုင်းအခက်တွေ အမျိုးမျိုး ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဘယ်လိုနာမည်မျိုးနဲ့ အဖွဲ့တွေ အမျိုးမျိုး ထွက်ပေါ်လာသည်ဖြစ်စေ သူတို့ရဲ့ ရည်မှန်းချက် ကတော့ တစ်ခုတည်းပဲရှိပါတယ်။ အဲဒါကတော့ ပထမအဆင့်-ဘူးသီးတောင်၊ မောင်တော (ယခင်မယူခရိုင်)ကို ဘင်္ဂါလီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိစေဖို့၊ အဲဒီနောက်မှာတော့ ဒုတိယအဆင့် ရခိုင်ပြည်နယ်ကို အာရ်ကန်ဒက်ရှ်အဖြစ် ဘာသာရေးနိုင်ငံ ထူထောင်သွားဖို့၊ အခုဆိုရင်တော့ နိုင်ငံတကာ ဂျီဟတ်လှုပ်ရှားမှုတွေနဲ့ အတူ အိုင်အက်စ်ပုံစံ နယ်မြေချဲ့ထွင် မှုတွေ အဆင့်အထိ စဉ်းစားကောင်း စဉ်းစားလာနိုင်ဖွယ်ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာ ကတော့ ယခုလှုပ်ရှားမှုဟာ နောက်ကွယ်က အတော်လုပ် နိုင်ကိုင်နိုင်တဲ့ LeT လို၊ JeM လို အကြမ်းဖက်အဖွဲ့တွေ ပါဝင်နေသလို လူသားချင်း စာနာမှု ပုံစံနဲ့လည်း ထောက်ပံ့မှုတွေက တစ်ဖက် လမ်းကြောင်းကနေ ဝင်နေတာသိရပါတယ်။ လူသစ် စုဆောင်းမှုကိုလည်း အလွယ် တကူ ရရှိနေပြီး စစ်ရေးအပြင် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ လူ့အခွင့်အရေး အမည်ခံ လှုပ်ရှားမှုတွေ သတင်းမီဒီယာ စစ်ဆင်မှုတွေပါ စနစ်တကျ လုပ်ဆောင် လာတာတွေ့ရလို့ ဒီကိစ္စဟာ ပေါ့ပေါ့တွေးပြီး လွယ်လွယ်နဲ့ ပြီးသွားမယ့် ကိစ္စမျိုး မဟုတ်တာကတော့ သေချာ နေပါတယ်။ တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ သေသေချာချာ စဉ်းစားပြီး အမြင်ကျယ်ကျယ်နဲ့ ခိုင်ခိုင်မာမာ ကိုင်တွယ်သွားရမယ့် ကိစ္စဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။
မြ၀တီ
ကိုကိုလှိုင်

No comments: