Sunday, November 27, 2016

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ယုံကြည်

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ယုံကြည်
Monday, November 28, 2016
 
ရခိုင်ပြည်နယ်တွင် ဒုက္ခရောက်နေကြသော ဘင်္ဂါလီ မွတ်ဆလင်လူမျိုးစုများကို အကြမ်းဖက်နေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင်အင်ဒိုနီးရှားနိုင်ငံက မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း ဂျကာတာပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
...
သက်ဆိုင်ရာ အားလုံး ပါဝင်ကြမည့် စကားပြောဆိုဆွေးနွေးမှုကနေ နေပြည်တော်ရှိ မြန်မာအစိုးရကို ကူညီသွားရန် အဆင်သင့်ရှိကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားသည်။
“ရခိုင်ဒေသက အားလုံးပါဝင်တဲ့ ဆွေးနွေးမှုက အရေးကြီးတဲ့ အဓိကသော့ချက်ပါ” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုအယ်လ်ပီမာဆူဒိုက ပြောကြားသည်။
ရခိုင်ဒေသတွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်ပြီး တိကျရှင်းလင်းစွာ သိရရေး အတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တွေ့ ဆုံခဲ့သည်။
မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက HRW ၏ ဂြိုလ်တုမှ ရိုက်ထားသည့်ဓာတ်ပုံများနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ တကယ့်အနေအထားမှာ မြင်နေရတဲ့ အခြေအနေကတော့ သည်လောက်ကြီး မကျယ်ပြန့်ပါဘူး။ အစိုးရရော တပ်မတော်ကပါ လူ့ အခွင့်အရေး ချိုးဖောက်တာတွေကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။” ဟု သူက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအရပ်သား အစိုးရသစ်သည် ရခိုင်ဒေသတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု အင်ဒိုနီးရှား အစိုးရက မျှော်လင့်ကြောင်း အင်ဒိုနိုင်ငံခြားရေးဌာန ပြောခွင့်ရ အာမန်နန်ထရာနာဆီယာက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့ အခွင့်အရေး အခြေအနေများကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်သွားမည်ဟု အင်ဒိုနီးရှားက ယုံကြည်သည်ဟု ဆိုသည်။
“သူ့ အနေနဲ့ ဒီအခြေအနေတွေကို ကောင်းကောင်းနားလည်မယ်၊ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကောင်းကောင်း သိရှိမယ်လို့ ထင်ပါတယ်။ သူက မြန်မာ ပြည်သူပြည်သား အားလုံးအတွက် လူ့ အခွင့်အရေး အားလုံးကို လေးစားလိုက်နာတဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်လိမ့်မယ်လို့  ယုံပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။
လင်းလင်း
The Ladies News
Ref - Jakatar Post

No comments: