Sunday, November 13, 2016

ဥရောပ က လူ့လောက အကြောင်း တစေ့တစောင်း (၁)

ဥရောပ က လူ့လောက အကြောင်း တစေ့တစောင်း (၁)
13 November 2016
 
- နေမျိုးဇင် မှတ်မိသလောက် ပြန်ေ၇းသည်။
 
၂၀၁၆ အောက်တိုဘာလ (၁၂) ရက်နေ့ ရန်ကုန် လေဆိပ်မှ ထွက်ပြီး ထိုင်းနိုင်ငံ သုဝဏဘုမ္မိ လေဆိပ် ကိုရောက်တယ်။ အဲဒီကနေ TG ထိုင်းလေကြောင်းလိုင်း လေယာဉ်ကြီးနဲ့ ဂျာမနီနိုင်ငံ ဖရန်ဖို့လေဆိပ်ကို သွားရတယ်။ မောင်ဇင့်  အတွက် ဒါဟာ ဥရောပ တိုက် ပထမဆုံး ခရီးဖြစ်သလို။ အခုလို ၈ ယောက်တန်း ထိုင်ခုံတွေ ပါတဲ့ အဲဘတ်စ် လေယာဉ်ကို စီးဖူးတာလည်း ပထမဆုံးပါပဲ။
...
ကိုယ်သင်းနံ့ လိုလို အဖိုးတန် ရေမွှေးနံ့ လိုလို မွှေးနေကြတဲ့ တခြားသော နိုင်ငံခြားသား ခရီးသွားလူတွေ အကြား ခပ်တည်တည် စီးနင်းဖို့ တက်သွားပြီး ထိုင်ခုံမှာ ထိုင်စီးခဲ့ကြရတာပါ။ တညလုံးစီးနင်းရတဲ့ လေယာဉ် ခရီးတလျောက် အထူးအထွေ ခံစားရတာမျိုး မရှိပေမယ့် ထိုင်ခုံ အရှေ့တယောက်စီ အတွက် ပြသထားတဲ့ တီဗီငယ်လေးက နေ လေယာဉ်ပျံကြီး ဘယ်နိုင်ငံ ဘယ်နေရာကို ဖြတ်ပျံသန်းနေတယ် ဆိုတာ ပြတဲ့ မြေပုံကို ထိုင်ကြည့်ရင်း ကိုယ့် နိုင်ငံမှာသာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးနဲ့ လေယာဉ် ခရီးစဉ်တွေ စီစဉ်ပေးနိုင်မယ် ဆိုရင် အခုလို ထိုင်းကို တခါစီး ထိုင်းက တခါ မြန်မာပြည် ဧရာဝတီ တိုင်း ဘက်ကို တခါ ဖြတ်ပျံပြီး အိန္ဒိယ တိုက်ကို ဖြတ် အာရေဗျ ပင်လယ်တွေနဲ့ ဥရောပ တိုက်ဘက်ကို ပျံသန်းရတာ ကိုကြည့်ရင်း အချိန် သုံးနာရီလောက် စီးနင်းရတဲ့ စရိတ်အချိန်ကို ကိုယ့်နိုင်ငံ မဖွံ့ဖြိုးလို့ ကျနော်တို့ ပေးဆပ်လိုက်ရတယ်လို့ ခံစားရမိတာပါ။
နောက်တခုကတော့ ဒီလို လေယာဉ်မျိုး မစီးဖူးလို့ တီဗီကြည့်တဲ့ အခါ နားတပ်ထောင်ရတဲ့ အီးယားဖုန်း လေး ကို ဘယ်အပေါက်မှာ ပလပ် တပ်ရမှန်း မသိတဲ့ အခက်အခဲ ကို ကျနော့် ဘေးခုံမှာ ထိုင်တဲ့ စကားပြော လေသံတိုးတိုးလေးတွေနဲ့သာ ပြောတတ်တဲ့ လင်မယားက ပြသပေးလို့ ကျနာ် တီဗီအသံကို ကြားခဲ့ရတာ။
ဒါနဲ့ပဲ မီးတထိန်ထိန် လင်းနေတဲ့ ဂျာမနီနိုင်ငံကို မနက်အစော မိုးမလင်းခင် ရောက်ခဲ့ပါတယ်။
ဂျာမနီက ဦးဇင်းဦးကုသလသာမိ ကျောင်းခန်း တိုက်လေးမှာ တည တာ တည်းခိုရင်း ဂျာမနီ ရဲ့ရှေးဟောင်း ပြတိုက်ကြီး တခုဆီ ရောက်ခဲ့ရပါတယ်။
လမ်းတလျောက် အမြန်နှုန်း ကီလို (၁၇၀) လောက် မောင်းတော့ အဲလော့က် အမြန် မစီးဖူးတဲ့ ကျနော် အတော်လေး စိုးထိတ်မိတာပြန်တွေးမိရင် ရီစရာ။
ဂျာမနီ က လူတွေ အလုပ်ကသုတ်ကရက် သွားလာနေကြတာ။ အအေး ဓါတ်ကြောင့် အနွေးထည် ကိုယ်စီနဲ့ လှပခန့်ထယ် နေကြတာတွေ စသဖြင့် စူးစမ်းလေ့လာစရာတွေ အများကြီး တွေ့ခဲ့ပါတယ်
ဒီနေ့ ပထမ ဆုံး အနေနဲ့ ဒီလောက်ပဲ ရေးအုံးမယ်။ ကျန် ရောက်ခဲ့တဲ့ (၇) နိုင်ငံ ကျမှ စိတ်ဝင်စားစရာတွေ အများကြီး ထပ်တွေ့ရတော့တာပါပဲ
အတွေ့အကြုံတွေကို ဆက်ရေးဖြစ်အောင် ကြိုးစားပါမယ်။
အခုက ပက်လက် ပေါင်ပေါ် ကွန်ပျူတာတင် စာရေးရတာဆိုတော့ သိပ် ကြာကြာရေး လို့ အကျင့် မရသေးဘူး။ ဒါကြောင့်
မနက်ဖြန်မှ အပိုင်း တွေ ဆက်ရေးပေးပါမယ်။
အားလုံး မင်္ဂလာရှိသော ညချမ်းလေးဖြစ်ကြပါစေ။
ဆူပါမွန်း နေ့ ရောက် မယ့် အချိန် အတွက်လည်း ငလျင်ဘေး ၊ သဘာဝဘေးများကလည်း ကာကွယ်ဖို့ ပြင်ဆင်ထားကြပါအုံး ပရိတ်သတ်တို့
လေးစားစွာဖြင့်
နေမျိုးဇင်
 
 

No comments: