Friday, November 4, 2016

မတူကွဲပြားခြင်းနှင့် ညီညွှတ်ခြင်းတို့ကို မိမိဆန္ဒရှိသလို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

မတူကွဲပြားခြင်းနှင့် ညီညွှတ်ခြင်းတို့ကို မိမိဆန္ဒရှိသလို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို
2016-11-04
------------------
ဒေါ်အောင်ဆန်းစုကြည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ခေတ္တ ပညာသင်ယူခဲ့သည့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။ ထိုချီးမြှင့်ခဲ့သည့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆောင်ရွက်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကျိုတိုတက္ကသိုလ်က ပထမဆုံး အကြိမ် ချီးမြှင့်ခြင်းဖြစ်သည်။
...
ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူသည့် ပွဲတွင် “ကျွန်မတို့ရဲ့ ရည်မှန်းချက်က ဒီမိုကရေစီ မြှင့်တင်ဖို့ပါ။ ဒီမိုကရေစီ မြှင့်တင်ရေးအတွက် ဆောင်ရွက်နေတာကို ရပ်လိုက်ရင် အသုံးမပြုတော့တဲ့ ကြွက်သားတွေလို ဖြစ်သွားနိုင်တဲ့အတွက် အချန်ပြည့် လေ့ကျင့်ခန်းလုပ်ပေးနေဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ကျောင်းသားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရစဉ် ကာလအတွင်း အများက မဖြစ်နိုင်ဟု ယူဆထားသည်များကို ဆောင်ရွက်နိုင်ရန် မည်သည့်အရာများက စိတ်ခွန်အား ပေးခဲ့သနည်းဟု မေးမြန်းခဲ့ရာတွင် “ကျွန်မတို့ ရှုံးနိမ့်နေတယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ကျွန်မတို့ လုပ်နေတဲ့အလုပ်အပေါ် ယုံကြည်မှု ထားပါတယ်” ဟု ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ပဋိပက္ခများနှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာကျောင်းသားတစ်ဦးက မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုပြသ၁နာဖြေရှင်းရာတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကွဲပြားခြားနားသည့် အဖွဲ့အစည်းများကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
“မတူကွဲပြားခြင်းနဲ့ ညီညွတ်မှုဟာ မိမိ ဆန္ဒရှိသလို အကောင်အထည်ဖော်နိုင်တာမျိုး မဟုတ်ပါဘူး။ ရေရှည်ဆောင်ရွက်ရတဲ့ အရာပါ။ ဒါက သည်းခံစိတ်ရှည်မှု အလွန်လိုအပ်ပေမယ့် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယင်းက “ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုမှာ ပြည်သူအများစု ပါဝင်ဖို့ အခွင့်အလမ်း အကောင်းဆုံးဖြစ်တဲ့အတွက် ဒီမိုကရေစီကို ကျွန်မတို့ ထောက်ခံခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
KHTun
The Ladies News
 

No comments: