Saturday, November 5, 2016

ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အစည်းအဝေးပြုလုပ်
Saturday, November 5, 2016
 
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်သော ရှမ်းပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) အစည်းအဝေးကို 4-11-2016 ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး၊ တပ်မ...တော် အရာရှိကြီးများ၊ ပြည် နယ်အစိုးရမှ တာဝန်ရှိသူများ၊ RCSS/SSA နှင့် PNLO အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် သန်းလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းအောင်မြတို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားကြသည်။
ဆက်လက်၍ ပြည်နယ် အဆင့်ပစ်ခတ် တိုက်ခိုက်မှု ပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက် လာကြသူများက အရပ်သားများကို ကာကွယ်ပေးခြင်း နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရေး၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ လိုက်နာစေရေး၊ ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှုမရှိစေရေးနှင့် နယ်မြေ အတွင်းစည်းကမ်းဖောက်ဖျက်မှုများရှိပါက နှစ်ဖက်ပူးတွဲ စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းရေး တို့ကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments: