Thursday, November 10, 2016

KNU ညီလာခံ ရက်ပြောင်းလဲ ကျင်းပဖွယ်ရှိ

KNU ညီလာခံ ရက်ပြောင်းလဲ ကျင်းပဖွယ်ရှိ

Thursday, November 10, 2016
 
ကရင်အမျိုးသားအ စည်းအရုံး(KNU)ထိပ်ပိုင်းခေါင်း ဆောင်များ ပြန်လည်ရွေးချယ်ရ မည့် (၁၆)ကြိမ်မြောက် KNU ညီ လာခံကို ၂၀၁၇ နှစ်လယ်တွင် ပြောင်းလဲကျင်းပရန် ဗဟိုကော်မ တီအစည်းအဝေး၌ ဆွေးနွေးခဲ့ ကြောင်း KNU တွဲဖက်အတွင်းရေး မှူး(၁) ဖဒိုစောသောသီဘွဲ့က ပြောသည်။
...
KNU ဗဟိုကော်မတီအစည်း အဝေးကို အောက်တိုဘာ ၃၁ ရက်က စတင်၍ ကရင်ပြည်နယ် လော် ခီးလာဒေသတွင် ကျင်းပခြင်းနေ ပြီး နိုဝင်ဘာ ၁၀ ရက်(ယနေ့) ၌ ဆက်လက်ကျင်းပမည့်အစည်းအ ဝေးတွင် ညီလာခံရက်ပြောင်း ကျင်းပခြင်းနှင့်ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက်ချမည် ဖြစ် သည်။
(၁၅)ကြိမ်မြောက် KNU ညီ လာခံကို ၂၀၁၂ နိုဝင်ဘာက ကျင်းပခဲ့ပြီး ညီလာခံကို လေးနှစ်တစ် ကြိမ်ကျင်းပရန် သတ်မှတ်ထားရာ (၁၆)ကြိမ်မြောက် KNU ညီလာခံ ကို ယခုနိုဝင်ဘာအတွင်း ကျင်းပ ရမည်ဖြစ်သည်။
‘‘အခုလက်ရှိ နိုင်ငံရေးအ ခင်းအကျင်းမှာ သွားနေတဲ့အခါ ကျတော့ ဒီဟာမျိုးလေးတွေက ရွှေ့ဆိုင်းသင့်တာလေးတွေ တင် လာတာရှိတယ်။ သို့သော်လည်းပဲ တချို့ခေါင်းဆောင်ကြီးတွေက တော့ ရွှေ့ဆိုင်းတာမျိုးမဟုတ်ဘဲ ကျင်းပမယ့်ရက်ကို ပြောင်းလိုက် တာပဲဖြစ်တယ်။ ဖွဲ့စည်းပုံအရ ကျတော့ ခြောက်လအထက်မှာ ဆိုရင်တော့ ဒါက ရွှေ့ဆိုင်းတယ် လို့ ပြောလို့ရသလို ဒီခြောက်လ မတိုင်ခင်မှာကျတော့ ကျွန်တော် တို့ရဲ့ပြင်ဆင်မှုမလုံလောက်တဲ့ အနေအထား၊ လက်ရှိအနေအ ထားပေါ်မှာ ကျွန်တော်တို့က ရက်ပြောင်းပေးလိုက်တာပဲရှိတယ်’’ ဟု ဖဒိုစောသောသီဘွဲ့က ပြော သည်။
ညီလာခံရက်ပြောင်းကျင်းပ မည့် အချိန်နှင့်ပတ်သက်၍ ၎င်းက‘‘၂၀၁၇ နှစ်လယ်လောက်ဆိုရင် တော့ ဖြစ်နိုင်ဖွယ်ရာရှိတာပေါ့။ ဖြစ်နိုင်ဖွယ်ရာရှိတယ်လို့ ပြောတာက မနက်ဖြန်ကျမှ ဒီကိစ္စကို ကျွန် တော်တို့က အတိအကျဆုံးဖြတ် ကြရတော့မယ်လေ’’ဟုဆိုသည်။
နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် KNU ဗဟိုကော်မတီအ စည်းအဝေးတွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်း အကျင်းနှင့် ပတ်သက်သည်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲအ ဆင့်ဆင့် ဆောင်ရွက်နိုင်ရေးကိစ္စ များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
KNU ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ဥက္ကဋ္ဌဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထား ပြီး ဗဟိုကော်မတီဝင် ၅၀ ဦးရှိ ကြောင်း၊ KNU ၏ဖွဲ့စည်းပုံအရ လက်ရှိ ဥက္ကဋ္ဌအနေဖြင့် လာမည့် ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ပြန် လည်ရွေးချယ် ခံပိုင်ခွင့်ရှိကြောင်း သိရသည်။
KNU အဖွဲ့၏အခြေခံလမ်း စဉ်နှင့်လုပ်ငန်းစဉ်များအရ ပြည် တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက် ရန် မူချမှတ်ထား၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အဖွဲ့အစည်းအ တွင်း ခေါင်းဆောင်အပြောင်းအ လဲအပေါ် မူတည်ခြင်းမရှိဟု KNUခေါင်းဆောင်များက ပြောကြား ထားသည်။
7 Day

No comments: