Saturday, November 12, 2016

ပြည်သူများ လိုလားတောင့်တနေသည့် စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း အမှန်ပေါ် ရောက်ရှိလာပြီဟု NLD နာယက ဦးတင်ဦး ပြော

ပြည်သူများ လိုလားတောင့်တနေသည့် စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း အမှန်ပေါ် ရောက်ရှိလာပြီဟု NLD နာယက ဦးတင်ဦး ပြော
 
Nov 12, 2016
----- ----- ------
ပြည်သူများ လိုလားတောင့်တနေသည့် စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း အမှန်ပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦးက နိုဝင်ဘာ ၁၂ ရက် တွင်ပြောဆိုလိုက်သည်။
...
အစိုးရသစ်လက်ထက်တွင် ပထမအကြိမ် ကျင်းပသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီ (၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
"ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးကာလကို ဖြတ်ကျော် ခဲ့ပြီးနောက် ပြည်သူတွေ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း အမှန်ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။” ဟု နာယက ဦးတင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကို ပါတီဥက္ကဋ္ဌကြီး၏ ကိုယ်တိုင် ခေါင်းဆောင်မှုနှင့် အကောင် အထည် ဖော်နေခြင်းသည် မေတ္တာ၊ သစ္စာနှင့် ခွင့်လွှတ်ခြင်းတို့၏ ဂုဏ်ရည်များဖြစ်သည်။ တိုင်းပြည်၏ ပုံရိပ်ဆိုးများ သံသရာလည်ရာမှ တည်ငြိမ်အေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရေး ကြိုးပမ်းမှုဖြစ်ကြောင်းလည်း ဦးတင်ဦးက ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် အပါအဝင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၁၅၃ ဦးရှိသည့်အနက် ၁၁ဝ ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
ဇော်မင်းထွန်း
The Ladies News

No comments: