Tuesday, November 8, 2016

အလဲဗင်းမီဒီယာ အပုပ်ချဟု NLD ဦးဝင်းထိန်က ဘီဘီစီသို့ ပြောကြား

အလဲဗင်းမီဒီယာ အပုပ်ချဟု NLD ဦးဝင်းထိန်က ဘီဘီစီသို့ ပြောကြားTuesday, November 8, 2016
*** ဦးဝင်းထိန်
...
ဦးဖြိုးမင်းသိန်းက သူ့ဇာတ်သူ နိုင်ပါတယ်။ ဖြိုးမင်းသိန်းကနေ အလဲဗင်း မီဒီယာကို ရေးတဲ့စာက ဥပဒေချုပ်နဲ့ တိုင်ပင်ပြီးတော့ ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာ အပြန်အလှန် တိုင်ပင်ပြီးမှ ရေးတဲ့စာ ပဏာမခြေလှမ်း။ အလဲဗင်းကနေ မီဒီယာကျင့်ဝတ်အရ မဖြေနိုင်ဘူး ဆိုပြီးတော့ ပြန်တာ။ အိုကေ ဒါက မီဒီယာကျင့်ဝတ်အရ မဖြေနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြန်တာပေါ့။ အိုကေ ဒါဟာ မီဒီယာကျင့်ဝတ်အရ အထောက်အထား ခိုင်လုံလို့ မဖြေဘူးဆိုရင် ကRန်တော်တို့က နားလည် တယ်။ အခုက သူတို့က ကိုဖြိုးမင်းသိန်း နာရီက နာမည်နဲ့တကွ ဆိုတာက တစ်ချက်။ အဲဒါ ဒေါ်လာတစ်သန်းတန်တယ်၊ ကိုဖြိုးမင်းသိန်း ပတ်နေတယ် ဆိုတဲ့ စကားက စာက အချက်အလက် မှားနေတယ်။ ဖြိုးမင်းသိန်း ပတ်တာက သူ့မိန်းမ လက်ဆောင်ပေးထားတာ သိန်း ၃၀ လောက်ပဲ တန်ပါတယ်။ အဲဒါကို ဒေါ်လာတစ်သန်း တန်တယ်ဆိုတဲ့၊ ၀တ်တယ်ဆိုတဲ့ အချက်က မှားပါတယ်။ နှစ်အချက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်ကြီးနဲ့ ပတ်သက်တယ် ဘာညာ ရေးတာပေါ့။ ဒါလည်းမှားနေတယ်။ ဒါဟာ မီဒီယာ ကျင့်ဝတ် မဟုတ်တော့ဘူး။ တမင်သက်သက် အပုပ်ချတာ၊ ဥပဒေကြောင်းအရ ခိုင်မာမှုမရှိဘူး။ ဒါကြောင့် ဖြိုးမင်းသိန်းက သူလုပ်စရာရှိတာ ဆက်လုပ် လိမ့်မယ်။ ကျွန်တော်တို့ပါတီ က စောင့်ကြည့်နေတယ်။
မေး ။ ။ ပထမအဆင့်ဆိုတော့ ၀န်ကြီးချုပ်အနေနဲ့ တရားစွဲဖို့ ရှိလာနိုင်သလား။
ဖြေ ။ ။ ရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုရင် အလဲဗင်းမီဒီယာ က ပြန်ကြားတဲ့ ပြန်ကြားချက်ဟာ ကိုဖြိုးမင်းသိန်း မေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ရေရေရာရာ ဖြေထားတာ မရှိတဲ့အတွက် နောက်တစ်ဆင့်က တရားစွဲတာ ဖြစ်လာလိမ့်မယ်။
ဘီဘီစီမြန်မာပိုင်းတွင် ဖော်ပြခဲ့သည့် အန်အယ်လ်ဒီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်နှင့် နာရီကိစ္စမေးမြန်းမှုကို ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်သည်။
The Ladies News

No comments: