Thursday, December 1, 2016

ဖားကန့်လမ်း တိုက်ပွဲဖြစ်၊ ကာမိုင်းတွင် ယာဉ်စီးရေ ၁၀၀ ကျော် ပိတ်မိ

ဖားကန့်လမ်း တိုက်ပွဲဖြစ်၊ ကာမိုင်းတွင် ယာဉ်စီးရေ ၁၀၀ ကျော် ပိတ်မိ
Thursday, December 1, 2016
 
ကချင်ပြည်နယ်၊ ဖားကန့်သို့ သွားရာ မိုးကောင်း-ဖားကန့်လမ်းတွင် ဒီဇင်ဘာ ၁ ရက် ယနေ့ နံနက် အစောပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ် တစ်ရာကျော်မှာ ကာမိုင်းမြို့နှင့် အနီးတွင် ပိတ်မိနေကြောင်း ကိုယ်တိုင်ပိတ်မိနေသည့် ခရီးသည်တစ်ဦးထံမှ သိရသည်။
...
မိုးကောင်း-ဖားကန့် လမ်းပိုင်းတွင် ခရီးသည်များ အဓိက နားနေရာ ဖြစ်သည့် နမ့်ယားကျေးရွာအနီး၊ အွမ်ကထောင်ကျေးရွာတွင် ကေအိုင်အေက ခရီးသွားယာဉ်များကို ငွေကြေးအဆမတန် ကောက်ခံနေမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း ခရီးသည်များက ပြောဆိုသည်။
မိုးကောင်းမြို့မှ ဖားကန့်သို့ ထွက်ခွာလာသည့် ယာဉ်များ ပိတ်မိနေသည်မှာ ခြောက်နာရီခန့် ကြာမြင့်နေပြီး ကားမိုင်းမြို့အထွက် တစ်မိုင်ခန့်အကွာမှ သေနတ်သံများ၊ လက်နက်ကြီးသံများ ကြားနေရကြောင်း ခရီးသည် ယာဉ်မောင်းများထံမှ သိရသည်။
ဖားကန့်ဒေသအတွင်း ယခုရက်ပိုင်းအတွင်း စစ်ရေး မငြိမ်သက်မှုနှင့်အတူ ခရီးသွားယာဉ်များကို ကေအိုင်အေက တစ်စီးလျှင် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ငွေကြေးကောက်ယူမှုများ ရှိနေကြောင်း ဖားကန့်မှ မြန်မာပြည် အလယ်ပိုင်းဒေသများသို့ ကူးသန်းပြေးဆွဲလျက်ရှိသည့် ခရီးသွား ယာဉ်လုပ်ငန်းများထံမှ သိရသည်။
The Voice

No comments: