Friday, December 2, 2016

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ရန်ကုန်- ကိုးလ်ကတ္တား- ရန်ကုန် ခရီးစဉ်သစ် စတင်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ရန်ကုန်- ကိုးလ်ကတ္တား- ရန်ကုန် ခရီးစဉ်သစ် စတင်
Friday, December 2, 2016
အပြည်ပြည် ဆိုင်ရာ မြန်မာလေကြေ
ာင်း (MAI) သည် ရန်ကုန်- ကိုးလ်ကတ္တား- ရန်ကုန် ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၁ ရက်မှစ၍ စတင် ပျံသန်းပြေးဆွဲလျက်ကြောင်း သတင်းရရှိသည်။
...
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ခရီးစဉ်သစ် အထူးအစီအစဉ်အဖြစ် ရန်ကုန်- ကိုးလ်ကတ္တား- ရန်ကုန် အသွား အပြန် လေယာဉ်လက်မှတ်ကို အမေရိကန်ဒေါ်လာ ၃ဝ၅ ဖြင့် ရောင်းချပေး လျက် ရှိပြီး တစ်ပတ်လျှင် နှစ်ကြိမ် (ကြာသပတေး၊ တနင်္ဂနွေနေ့) ရက်များ တွင် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈ဝ ဆံ့)၊ Airbus A 319 (လူဦးရေ ၁၂ဝ ဆံ့) လေယာဉ် များဖြင့် ပုံမှန်ပျံသန်းပေး လျက်ရှိပြီး (Charter Flight) စင်းလုံးငှား ခရီးစဉ် များကိုလည်း အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံး အချိန်မရွေး ဆက်သွယ် ငှားရမ်းနိုင်ကြောင်း သိရသည်။ MAI သည် ၁၉၉၃ ခုနှစ်မှစ၍ ပြည်ပခရီးစဉ်များ ပျံသန်းပေးလျက်ရှိသည့် လေကြောင်းလိုင်း လည်း ဖြစ်သည်။
Credit - MOI
The Ladies News

No comments: