Friday, August 10, 2012

အာဏာရှင်ခေတ်ကုန်ပြီ

အာဏာရှင်ခေတ်ကုန်ပြီ

by Victor Tan on Thursday, August 9, 2012 at 4:04pm ·

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး အပြောင်းအလဲ လုပ်မည်

ငိုကျော်ဆန်း ပြာပြီ

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေသော မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးများကို အပြောင်းအလဲလုပ်ရန် အစီစဉ်ရှိကြောင်း နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ပန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးကျော်ဆန်း၏ ရာထူးတွင် လက်ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား တာဝန်ပေးရန် ရာထားကြောင်း ၄င်းတို့၏ ပြောဆိုချက်အရ သိရသည်။

“ ဒီလလယ်လောက်မှ လွှတ်တော်တင်ပြီး ဆုံးဖြတ်ပါလိမ့်မယ်” သမ္မတကြီးနှင့် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ဆိုသည်။ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်ဖြစ်သည့် The Voice Weekly နှင့် Envoy News ဂျာနယ်တို့ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့်ပိတ်ပင်ခဲ့ခြင်း ကို နိုင်ငံရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းကြောင့် သမ္မတရုံးမှ ယင်းဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့်ပြန်ထုတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု စုံးစမ်းသိရသည်။

ယင်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် ပြည်တွင်း သတင်းထောက်များက မီဒီယာဖိနှိပ်မှု ရပ် ဟူသော တီရှပ်ဝတ် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာတွင် နိုင်ငံရေး ပါတီများ ၊ အသင်းအဖွဲ့များ နှင့် လူမှုရေးအဖွဲ့အစည်းများ ပူပေါင်း ထောက်ခံခဲ့မှု အပြီး အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။
http://luthuorthan.blogspot.jp/2012/08/blog-post_2808.html  http://tunwai-states.blogspot.jp/2012/08/blog-post_4815.html

အာဏာရှင်ခေတ်ကုန်ပြီ

မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ
အသိတရား သတိမပွားဘဲ
မှားမြဲတိုင်းဆက်မှား
ကြွားမြဲတိုင်းဆက်ကြွား
ဖားမြဲတိုင်းဆက်ဖားနေရင်
စကားထဲက အမှားပါ
အကြွားထဲက အသားပါ
အဖားထဲက အားတွေပါပြီး
ကြွားလေသမျှ ဖားလေသမျှ
ခါးလေစွတာ ဖြစ်တော့မှာ….။

ခေတ်ပြောင်းပြီ
စနစ်ပြောင်းပြီ
ညစ်ဟောင်းတဲ့ အကြံအဖန်
အန်မ၀င် ဂွင်မကျတော့ပါ…။

အာဏာရှင်မှန်သမျှ
ချောက်ထဲကျတော့မှာ
အာဏာရှင်တွေရဲ့အသုံးနှုန်းအရ
အတုံးအရုံးကျတော့မှာ
ကမ္ဘာကို အဟုတ်အမှန်
ထုတ်ပြန်ကြေညာလိုက်မှာက
အာဏာရှင် ဟူသမျှ
ဇာတ်သိမ်းက ဘယ်တော့မှမလှ…။

ကိုယ့်ဘ၀ ကိုယ့်အခြေ
မြင်တတ်ကြပါစေ အခြေမကောင်း
အနေပြောင်းနေပြီမို့
အမေစုနဲ့လာပေါင်းကြပါ…။

အကြမ်းမဖက် အရမ်းမတက်
ငြိမ်းချမ်းရေးလက်နက်နဲ့
ရှေ့ဆက်မယ့်ခရီးလမ်း
အမေစုက မြော်မှန်းအတည်ဆက်
ချီတက်နေပါတယ်…။

အာဏာကိုငန်းငန်းမတက်
စေတနာသက်သက်နဲ့
အစွမ်းထက်ထက် လှမ်းတက်လာသူများကို
အမေစုက အမြဲတစေ ကြိုဆိုနေပါတယ်…။

လူထုကိုအခြေပြု တိုင်းပြည်တိုးတက်မှုကို
ရှေးရှုလျက်..ပြည်သူတွေနဲ့အတူ
ကြည်ဖြူစွာချီတက်မှ သက်သက်သာသာ
အကျမနာဘဲ နိုင်ငံရေးဇာတ်ခုံပေါ်မှာ
ရပ်တည်နိုင်တော့မှာ….။

တက္ကသိုလ်ဘုန်းကြွယ် (သြဂုတ် ၉ ၂၀၁၂)

No comments:

Post a Comment