SSA မြောက်ပိုင်းနှင့် တပ်မတော်တို့ နှစ်ဖက်သဘောတူညီမှုဖြင့် တိုက်ပွဲများရပ်ဆိုင်း
Tuesday, October 7, 2014
ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSA/SSPP နှင့် တပ်မတော်တို့အကြား ယခုရက် ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက် ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်တ...ာ ဝန်ရှိသူများ၏ သဘောတူညီချက် ဖြင့် တိုက်ခိုက်မှုများကို အောက်တို ဘာလ ၆ရက်နေ့မှစတင်ပြီး ရပ်ဆိုင်း ထားကြောင်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တာဝန်ရှိသူများထံမှ သိရသည်။
''ဒီကနေ့ မနက်ပိုင်းကနေစပြီး တိုက်ပွဲတွေက ငြိမ်သက်သွားပြီ။ အ ရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဘက်ကနေလဲ ဖုန်းဆက်လာတယ် သူတို့လဲရပ်ပေးမယ်။ ကျွန်တော် တို့ဘက်ကလည်း ညဆက်မတိုက်ဘဲ ရပ်ပေးဖို့ပေါ့လေ။ သူတို့တပ်တွေ ပြန်ဆုတ်တဲ့ အချိန်မှာဆွဲမိုင်းဆွဲ တာတွေ၊ ချုံခိုတိုက်တာတွေမလုပ်ဖို့ ဆိုပြီး အကြောင်းကြားတယ်။ ကျွန် တော်တို့ကလဲ ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့အတွက် ကျွန်တော်တို့တပ်ဖွဲ့ တွေကို တိုက်ခိုက်တာတွေ မလုပ် ဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒီကနေ့ မနက်မှာတင် တိုက်ပွဲတွေကရပ်သွား ပါပြီ''ဟု ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA/SSPP မှ အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစဝ် ခွန်ဆိုင်က ပြောသည်။
ရှမ်းပြည်တပ်မတော် မြောက် ပိုင်း SSA/SSPP နှင့် တပ်မတော် တို့အကြားပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၄ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်သေကြေဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု SSA တာဝန်ရှိသူ များနှင့် ဒေသခံများက ပြောကြား သည်။
တိုက်ခိုက်မှုများသည် ကာလ အတန်ကြာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် ကျေးသီးမြို့နယ် တာဖာဆောင်တံတားတွင် စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ၃ ရက်နေ့ မနက်ပိုင်းတွင် SSA မြောက် ပိုင်းတပ်များမှာ ဗဟိုကော်မတီဆုံး ဖြတ်ချက်ဖြင့် တာဖာဆောင်တံတား မှ ဆုတ်ခွာပေးခဲ့သည်။
ယင်းသို့ ဆုတ်ခွာပေးခဲ့သော် လည်း တိုက်ပွဲများမှာ ဆက်လက်ဖြစ် ပွားနေခဲ့ပြီး ကျေးသီးမြို့နယ်အပြင် မိုင်းရယ်မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ကျောက်မဲမြို့နယ်များတွင်ပါ တိုက် ပွဲများ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများသည် အောက်တို ဘာ ၅ရက်နေ့အထိ ဖြစ်ပေါ်နေခဲ့ပြီး ယင်းနေ့တစ်နေ့တည်းတွင်ပင် အနည်း ဆုံးနေရာငါးနေရာ၌ ဖြစ်ပေါ်ခဲ့ သည်ဟု သတင်းမီဒီယာများကဖော် ပြကြပြီး SSA တာဝန်ရှိသူများ ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။
တိုက်ပွဲများ စတင်ခဲ့သည့် ပြီး ခဲ့သည့် အောက်တိုဘာလ ၂ရက် နေ့မှ စတင်ပြီး ကျေးသီးမိုင်းရယ်၊ ကျေးသီးတန့်ယန်း ကားလမ်းကို လည်း ခေတ္တပိတ်ထားခဲ့ကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။
ဝမ်ဝုပ်မှာက ဒုက္ခသည်စခန်း ရှိတယ်၊ အရင်တာဖာဆောင်မှာ စစ်ရေးတင်းမာမှုစကတည်းက ရှိနေတာ၊ အခုတိုက်ပွဲတွေကြောင့် အဲဒီကို ရွာသားတွေက ပြေးကြတယ် ပြောတယ်၊ ဒါပေမဲ့ လမ်းတွေပိတ် ထားလို့ ဘာဖြစ်နေမှန်းတိတိကျကျ မသိရသလို အကူညီပေးရေးတွေ ကလည်း သွားကြည့်လို့မရသေးဘူး။ အဲဒါကအောက်တိုဘာ ၅ရက်နေ့ အထိပါဟု နမ့်စမ်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းသူ ရိန်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် အကျဆုံး တော်တော်များများ ရှိနိုင်သည်ဟု ဒေသခံများကလည်း ပြောဆိုကြပြီး သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ဖော်ပြချက်အရမူ တိုက်ပွဲများအတွင် SSA ဘက်မှ သုံးဦးကျဆုံးသည်ဟု ဖော်ပြထားသည်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ''ခုလိုအပစ်ရပ်ဖို့ နှစ်ဖက်က ညွှန်ကြားတယ်ဆိုတဲ့ သ တင်းတွေ ကြားရတာ အလွန်ကောင်း ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေက သာ ပြဿနာတွေကို ဖြေရှင်းနိုင် မှာဖြစ်ပြီး တိုက်ခိုက်မှုတွေကတော့ ပြဿနာတွေကို ဖြေရှင်းရာမှာလို ရင်းရောက်မှာမဟုတ်ပါဘူး''ဟုမှတ် ချက်ပြုပြောဆိုသည်။
ရှမ်းပြည်တပ်မတော်မြောက် ပိုင်း SSA/SSPP သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်ထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းဖြစ်ပြီး အပစ်ရပ်ပြီးနောက် ပိုင်း ထိတွေ့မှုပေါင်းများစွာဖြစ်ပေါ် ခဲ့သည်ဟု SSA တာဝန်ရှိသူများထံမှ သိရသည်။
Democracytoday

No comments:
Post a Comment