Tuesday, July 24, 2018

တောင်သာဒေသခံတွေ ဆန္ဒပြ

တောင်သာဒေသခံတွေ ဆန္ဒပြ
24 July 2018

တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှုပပျောက်ရေးအတွက် တောင်သာဒေသခံတွေ ၂၀၁၈ ဇူလိုင်လ ၂၄ ရက်နေ့ကဆန္ဒပြစဉ်။ Photo: Khaymani Win/RFA
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ကျေးရွာ ၁၂ ရွာက ဒေသခံ ၁၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အုပ်ချုပ်ရေးမှူးတွေက ထောက်ခံစာထုတ်ပေးတဲ့အခါ ငွေကြေးတောင်းခံတာတွေရှိနေသလို လာဘ်စားမှုတွေကို တိုင်ကြားရာမှာလည်း ဘက်လိုက်ဆောင်ရွက်မှုတွေရှိနေတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဘုရားလှကျေးရွာ က ကိုတင့်လွင်ဦး က ပြောပါတယ်။

မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေမှာလည်း အဂတိလိုက်စားမှုတွေရှိနေတယ်လို့  ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အလိုမရှိကြောင်း၊ ဘက်လိုက်ဆုံးဖြတ်ဆောင်ရွက်တာတွေ အလိုမရှိကြောင်း၊ တရားဥပဒေမဲ့ လုပ်ရပ်တွေ အလိုမရှိကြောင်း တောင်းဆိုကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဘုရားလှ၊ ရွာသစ်၊ နန်းမြင့်၊ မြေဖြူကုန်း စတဲ့ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံတွေ ပါဝင်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment