Sunday, July 22, 2018

တပ်မတော်နှင့် RCSS တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရေး ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်စာချုပ်များ ပြန်လည်သုံးသပ်မည်

တပ်မတော်နှင့် RCSS တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရေး ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်စာချုပ်များ ပြန်လည်သုံးသပ်မည်

 
အစိုးရနှင့် RCSS ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − NMG)
တပ်မတော်နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ကြား တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရေး ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် သ ဘောတူစာချုပ်များ ပြန်လည်သုံး သပ်ရန် အစိုးရကိုယ်စားလှယ်အ ဖွဲ့နှင့်ဆွေးနွေးခဲ့ကြောင်း RCSS အကြံပေး ဦးခွန်းဆေက ပြော ကြားသည်။ ‘‘နောက်လ (ဩဂုတ်လ)ထဲ မှာ အမြန်ဆုံး နှစ်ဖက်ပူးတွဲပြီး တော့မှ ဒီ BCA (Bilateral Ceasefire Agreement- နှစ်ဦး နှစ်ဖက် အပစ်ရပ်စဲရေးသဘော တူညီချက်)တွေကို ပြန်သုံးသပ် ကြမယ်။ ပြန်သုံးသပ်ပြီး တူညီတဲ့ အနက်အဓိပ္ပာယ်ကောက်ယူချက် ကို ယူမှာပေါ့’’ ဟု ဦးခွန်းဆေက ပြောသည်။
RCSSအနေဖြင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော် လည်း တပ်မတော်နှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းသည် နယ်မြေသတ်မှတ်ရေးအပေါ် အ မြင်မတူ၍ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ဆိုသည်။
အထူးသဖြင့် NCA မထိုးမီ ချုပ်ဆိုထားသော ပြည်နယ်အ ဆင့်နှင့် ပြည်ထောင်စုအဆင့်စာ ချုပ်များအပေါ် နှစ်ဖက်အဓိပ္ပာယ် ဖွင့်ဆိုချက်မတူညီခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် သ ဘောတူစာချုပ်တွင် ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ခွဲနှင့် မုံးထမြို့နယ် ခွဲတို့ကို RCSS ဌာနချုပ်နယ်မြေ အဖြစ် သတ်မှတ်ရန်သဘောတူ ထားသည်။
သို့ရာတွင် RCSS တပ်ဖွဲ့ များအနေဖြင့် အခြားမြို့နယ်များ ၌ လှုပ်ရှားမှုများရှိနေသည့်အပေါ် နယ်ကျော်သည်ဟု တပ်မတော် ကပြောဆိုပြီး RCSS ကမူဟိုမိန်း နှင့်မုံးထသည် ဌာနချုပ်နယ်မြေ ဖြစ်ပြီး အခြားဒေသများ၌လည်း RCSS တပ်များလှုပ်ရှားမှုရှိသည် ဟု ဆိုသည်။
‘‘ကျွန်တော်တို့ တပ်တွေဆို ရင် ဒီထိုင်း-မြန်မာနယ်စပ်မှာ စခန်းငါးခုရှိပါတယ်။ စခန်းငါးခု အပြင် ပြည်တွင်းထဲမှာဆိုရင် ပြောက်ကျားတပ်တွေ၊ လှုပ်ရှား တပ်တွေ တရုတ်နယ်စပ်အထိရှိ ပါတယ်။ အဲဒါတွေကိုကျွန်တော် တို့နယ်မြေသတ်မှတ်တဲ့နေရာမှာ ဘယ်လိုသတ်မှတ်ကြမလဲ’’ ဟု RCSS ကိုယ်စားလှယ်တစ်ဦးက ပြောဆိုထားသည်။
နယ်မြေသတ်မှတ်ရေးကို အောက်ခြေအဆင့်တွင် ဖြေရှင်း ၍မရကြောင်း၊ နှစ်ဖက်ခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးရ မည့် အနေအထားဖြစ်ကြောင်း ၎င်းကဆိုသည်။
လာမည့်ဩဂုတ်တွင် ပြု လုပ်မည့်ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့်အပစ်ရပ်စာချုပ် များ ပြန်လည်သုံးသပ်ရေးဆွေး နွေးပွဲသို့ ယခင်စာချုပ်ချုပ်ဆိုစဉ် ပါဝင်ခဲ့သည့်ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ဦးခွန်းဆေ က ပြောသည်။
၂၀၁၂ မေလကကျိုင်းတုံမြို့၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအ ဆင့် ဆွေးနွေးပွဲတွင် အစိုးရဘက် မှ ထိုစဉ်က ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် RCSS ဘက်မှဗိုလ်မှူးချုပ်ဘောင် ခေးတို့က အဖွဲ့ခေါင်းဆောင်အ ဖြစ် တာဝန်ယူခဲ့သည်။
ယင်းစာချုပ်တွင် RCSS အ ဖွဲ့ဝင်များနှင့်မိသားစုများအား နေ ရာချထားရေးနှင့်ပတ်သက်သည့် သဘောတူညီချက်အပါအ၀င် ၁၂ ချက်သဘောတူညီခဲ့သည်။
RCSS/SSA သည်ပြည်နယ် အဆင့်အပစ်အခတ်ရပ်စဲရေးသ ဘောတူစာချုပ်ကို ၂၀၁၁ ဒီဇင် ဘာက လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ကို ၂၀၁၂ ဇန်န၀ါရီက လက်မှတ်ရေးထိုးခဲ့ သည်။
၂၀၁၅ အောက်တိုဘာတွင် NCA လက်မှတ်ရေးထိုးပြီးနောက် တပ်မတော်နှင့် RCSS အကြား တိုက်ပွဲ ၃၀ ထက်မနည်း ဖြစ်ပွား ခဲ့သည်။

No comments:

Post a Comment