မိုးကိုတားဆီးရန်ထက် စစ်ကိုတားဆီးရန် ပိုခက်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားဟုဆို
မိုးကိုတားရန်ထက် စစ် ကိုတားဆီးရန် ပိုမိုခက်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်ဟု ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယ မန်နေ့က ရေးသားဖော်ပြသည်။
ဇူလိုင် ၁၉ ရက်က ကျ ရောက်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အ ဖြစ် ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ် သာလမ်းရှိနေအိမ်တွင် သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းစဉ်ဒေါ်အောင်ဆန်းစု ကြည်က ထိုသို့ပြောကြားကြောင်း ဆရာတော်က ဆိုသည်။
‘‘အာဇာနည်နေ့မိုးမရွာတာ ဒုသမ္မတဦးမြင့်ဆွေက မိုးတားပေး ထားလို့တဲ့။ ဒုသမ္မတကလည်း ၀ကခ(၀န်ကြီးချုပ်)ကို လုပ်စရာ ရှိတာတော့လုပ်လို့ မှာထားတယ် တဲ့။ အဲဒီမှာ ဒါယိကာမကြီးက ပြောတယ်။ မိုးတားသလိုစစ်တား ဖို့လည်း လိုတယ်တဲ့။ မိုးတားဖို့ ထက်စစ်တားဖို့က ပိုခက်နေတယ် တဲ့။ နှစ်ကြိမ်၊ သုံးကြိမ်ထပ်ပြော တယ်’’ ဟု နေ့ဆွမ်းဆက်ကပ်ပွဲ သို့ကြွရောက်ခဲ့သည့် ဆရာတော် အရှင်သံဝရာလင်္ကာရက ရေး သားထားသည်။
7Day Daily သတင်း စာက ဆရာတော်ထံ ဆက်သွယ်မေး မြန်းရန်ကြိုးစားသော်လည်းဆက်သွယ်၍မရခဲ့ပေ။ ယမန်နေ့နံနက်က အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်များကို အစိုးရထိပ်တန်းတာဝန်ရှိသူများ ဂါရ၀ပြုနေချိန်တွင် ရန်ကုန်မြို့၌ မိုးရွာသွန်းခြင်းမရှိဘဲ ညနေပိုင်းမှသာ ရွာသွန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည့် အာဇာနည်နေ့နှင့် မိခင်ဒေါ်ခင်ကြည် ကွယ်လွန် သည့် နှစ်ပတ်လည်နေ့များတွင် နှစ်စဉ် ဆရာတော်၊ သံဃာတော် များအား နေအိမ်၌ဆွမ်းကပ်လှူ ဒါန်းလေ့ရှိသည်။
အဆိုပါ ဆွမ်းကပ်လှူဒါန်း ပွဲများသို့ အရှင်ဝီရိယ(ဓမ္မဘေရီ) တောင်စွန်း ဆရာတော်အပါအ ၀င် ဓမ္မပိယဆရာတော်အရှင်သံ ၀ရာလင်္ကာရ၊ ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက၊ ဆ ရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)စသည့် ဆရာတော်၊ သံ ဃာတော်များ ကြွရောက်လေ့ရှိ သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့က ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကိုရည်စူး၍ အရှင်ဝီရိယ(ဓမ္မဘေရီ) တောင်စွန်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၅ ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်သည်။
အဆိုပါ ဆွမ်းကပ်လှူပွဲသို့ ဒုတိယသမ္မတဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီ ခွန်မြတ်နှင့်ဇနီး၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူ ရဦးရွှေမန်းနှင့်ဇနီး၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင် မျိုးဝင်းနှင့်ဇနီး၊ သမ္မတရုံးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် ဇနီး၊ ဒီချုပ်နာယကဦးတင်ဦးနှင့် ဇနီးတို့ တက်ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲပြီးနောက် ညနေတွင် အာဇာနည်နေ့အထိမ်းအမှတ် အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်း အောက်မေ့ဖွယ် ရာ ဘာသာပေါင်းစုံဆုတောင်းပွဲ အခမ်းအနား ဆက်လက်ကျင်း ပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ က ထုတ်ပြန်သည်။
http://www.7daydaily.com/story/131812
No comments:
Post a Comment